စိတ်အစာ အစစ်ပါ။
အသက်ကယ်ဆေးလေး...
People are unreasonable, illogical, and self-centered.
Love them anyway.
If you are kind, people may accuse you of selfish ulterior motives.
Be kind anyway.
If you are successful, you will win some false friends and true enemies.
Succeed anyway.
The good you do today will be forgotten tomorrow.
Be good anyway.
Honesty and frankness will make you vulnerable.
Be honest and frank anyway.
What you spend years building may be destroyed overnight.
Build anyway.
People need help but will attack you if you help them.
Help them anyway.
Give the world the best you have, and
it may never be enough;
Give the world the best you've got ... anyway.
Sunday, June 15, 2008
anyway
Posted by Name: LN at 7:00 PM 0 comments
Labels: စိတ်အစာ
Thursday, January 3, 2008
ညီမျှခြင်း
ကိုယ်မလိုချင်တဲ့အရာကို သူများကိုလဲ မပေးမိအောင် ကြိုးစားပါ
လူဆိုတာ အနည်းဆုံးတော့ ကိုယ်ဘာမလိုချင်ဘူး ဘာမကြိုက်ဘူးလဲ ဆိုတာ သိကြပါတယ်
အလွယ်ဆုံး ပြောရရင် လူတယောက်နဲ့တယောက် ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ
နောက်ကျောကို ဓါးနဲ့ထိုးတာမျိုး...
သစ္စာမဲ့တာမျိုး...
ကိုယ့်ခြေတလှမ်းအတွက် တစုံတခုကို နင်းချေမိတာမျိုး...
ကိုယ့်စိတ်ကျေနပ်မှု အတွက် သူတပါးကို ထိခိုက်နာကျင်စေမိတာမျိုး...
ချိန်းထားပြီး မလာတာမျိုး...
အသေးအဖွဲလေးကနေ အကြီးကြီးအထိ ကိုယ်စိတ်နဲ့မတွေ့တာတွေ
ကိုယ်စိတ်ထိခိုက် ခံစားရတာတွေ အများကြီးရှိမှာပါ...
တခုခု လုပ်တော့မယ် စဉ်းစားတိုင်း
သူ့နေရာမှာ ငါဆိုရင်ရော ဒီလို အလုပ်ခံရတာ ကြိုက်ပါ့မလား ဆိုပြီး
ကိုယ်ချင်းစာတရား အမြဲထားကြမယ်ဆိုရင်...
ကိုယ့်ကို ဒီလိုလုပ်ရင် မကြိုက်ဘူး
ကိုယ်လဲ သူများကို မလုပ်ဘူးဆိုတဲ့ စိတ်မျိုး ထားကြမယ် သုံးသပ်မိကြမယ်ဆိုရင်
ကိုယ်မလိုချင်တဲ့ အရာကို သူများကိုလဲ မပေးမိအောင် ကြိုးစားကြမယ်ဆိုရင်...
Posted by Color Blind at 10:34 AM 0 comments
Labels: စိတ်အစာ
Saturday, December 29, 2007
ရင်ဆိုင်လိုက်
မလုပ်မဖြစ်တဲ့ ကိစ္စတခုကို မလုပ်ချင်ဘူးဆိုပြီး
သိစိတ်ကရော မသိစိတ်ကရော နောက်ပြန်ဆွဲနေတာမျိုး
ဘယ်သူမဆို ဖြစ်ဖူးကြမယ် ထင်တယ်
အဲလိုအချိန်ဆို အကြောင်းအမျိုးမျိုးပြပြီး အတတ်နိုင်ဆုံး မလုပ်ပဲ နေချင်မိတယ်
ငါလုပ်စရာမလိုပဲ ပြီးသွားခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတတ်တယ်
ဒီအခြေအနေအတွက် နည်းလမ်းကောင်း တခုရှိတယ်။
ကိုယ်မကြိုက်တဲ့ အရာတခု
ကိုယ်မလုပ်ချင်တဲ့ အရာတခုကို အကောင်းဆုံး ရှောင်လွဲတဲ့နည်းကတော့
ရင်ဆိုင်လိုက်ပါ။
ရှောင်ပြေးမနေပဲ ရင်ဆိုင်ကြည့်ပါ။
ကိုယ်မုန်းနေတာ ဒီလောက်လဲ မဆိုးပါလား လို့ မြင်လာကောင်း မြင်လာမယ်...
လုပ်လိုက်တော့လဲ ပြီးသွားတာပဲဟလို့ ကိုယ့်ကိုယ် ကျေနပ်ကောင်း ကျေနပ်မိလိမ့်မယ်...
အနည်းဆုံးတော့ ကိုယ့်စိတ်နဲ့ကိုယ် ရုန်းကန်မနေရတော့ဘူးပေါ့။
ဒီအတွေးတစနဲ့ ၈တန်းတုန်းက သိပ်မုန်းတဲ့ သင်္ချာက
၁၀တန်းမှာ အပိုင်နိုင်ဆုံး ဘာသာရပ်တခု ဖြစ်ခဲ့ပါတယ်။
ကိုယ်မကြိုက်ဆုံး သင်ခန်းစာကကိုယ်အဖြေနိုင်ဆုံး ဖြစ်ခဲ့တယ်။
မနက်အိပ်ယာမထချင်တဲ့သူကနေ အအိပ်အနေနည်းတဲ့သူ ဖြစ်လာခဲ့ဖူးပါတယ်။
Posted by Color Blind at 7:45 PM 3 comments
Labels: စိတ်အစာ
Tuesday, December 18, 2007
ဒုက္ခကျောင်းတော်ကြီး
နံရိုးတွေ ချိုးပြီး နှလုံးခွဲထားရတဲ့ လူတယောက်အတွက်
လက်ဓါးရှလို့ ချုပ်ရတာက အသေးအဖွဲ ဖြစ်နေလိမ့်မယ်
တနေ့ ၁၂နာရီအလုပ်လုပ်ရတဲ့လူက တနေ့ ၈နာရီလုပ်ရလို့ ငြီးငြူနေတဲ့လူကို
တိတ်တိတ်လေး ကျိတ်ရယ်နေချင်ရယ်လိမ့်မယ်
တနေ့တနေ့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး ငြီးငွေ့လိုက်တာလို့ ပြောနေတာကို
မိုးလင်းမိုးချုပ် အလုပ်တွေရှုပ်နေရတဲ့လူက နားမလည်နိုင်အောင် ဖြစ်ရင်ဖြစ်လိမ့်မယ်
ဒါပေမယ့်
ဓါးရှတဲ့လူရော
တရက်၈နာရီလုပ်လို့ ပင်ပန်းနေတဲ့လူရော
ငြီးငွေ့စိတ်ဓါတ်ကျနေတဲ့လူရော
သူတို့ဒုက္ခသာလျှင် အကြီးဆုံးလို့ ထင်မိကြမှာပဲလေ
ဒီထက်ကြီးတဲ့ ဒုက္ခမှ မကြုံဖူးကြပဲကိုး
ဒုက္ခဆိုတာကို ထုနဲ့ထည်နဲ့ ခံထားဖူးတဲ့သူက
ဒုက္ခခပ်သေးသေးလေးတွေကို လျစ်လျူရှုလိုက်နိုင်လေ့ရှိတယ်
ဒုက္ခဆိုတာ နာကျင်မှု မဟုတ်ပဲ
ဘ၀မှာ နေပျော်စေဖို့အတွက်
စိတ်ဓါတ်ခွန်အားကို လေ့ကျင့်ပေးတဲ့ ကျောင်းတော်ကြီး လို့ တွေးလိုက်ရင်
လောကကြီးက တော်တော်ကျေနပ်စရာကောင်းသွားမှာ။...။
Posted by Color Blind at 3:30 PM 2 comments
Labels: စိတ်အစာ
Wednesday, August 29, 2007
ဆန့်ကျင်ဘက်က အတွေး
ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအာဟာရ (Chicken soup) ကြောင့်
နှစ်ပေါင်းများစွာ အကျဉ်းကျနေတဲ့ စိတ်တွေ လွတ်မြောက်ခွင့်ရခဲ့ဖူးတယ်
...................................
ငယ်ငယ်က မောင်နှမတွေထဲမှာ အကြီးဆုံး ဖြစ်ရတာကို တော်တော် စိတ်ပျက်ခဲ့တယ်
စာနဲ့ ပတ်သက်လို့ဖြစ်ဖြစ် တခြား အသိပညာတွေ ဖြစ်ဖြစ်
အရာအားလုံးကို ကိုယ့်ဟာကိုယ် စမ်းတ၀ါးဝါးသွားရတယ်...
အဲဒီတော့ ရွယ်တူတွေထဲမှာ ကိုယ်က ဘာမဆို နောက်ကျနေလေ့ရှိတယ်...
ဥပမာ...ဖတ်စာအုပ်ဆို ကျောင်းဖွင့်တာတောင် မရသေးဘူး
(အဲဒီအချိန်တုန်းက ဖတ်စာအုပ်က ကျောင်းက ထုတ်ပေးမှရတာ)
သူငယ်ချင်းတွေက အကိုအမတွေရဲ့ ဖတ်စာအုပ်တွေနဲ့ အဆင်ပြေနေချိန်မှာ
ကိုယ်က ဗလာစာအုပ်လေး ကိုင်ပြီး ဖတ်စာအုပ်ကိုမျှော်လိုက်ရတာ...
နောက်ပြီး အကြီးပဲ အလျှော့ပေးလိုက်ဆိုတဲ့ စကားကိုလဲ မကြိုက်ဘူးလေ...
အငယ်ဖြစ်ချင်လိုက်တာ လို့ မကျေနပ်စိတ်နဲ့ မဖြစ်နိုင်တာကို တောင့်တမိတယ်...
အဲဒီလိုနဲ့ တယောက်ထဲ ပဋိပက္ခဖြစ်နေတုန်း ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ နဲ့ တွေ့တယ်
စာအုပ်ထဲက အဖြစ်အပျက်လေးက...
လူငယ်လေးတယောက်ကို သူ့ရဲ့အစ်ကိုက ကားသစ်တစ်စီး ၀ယ်ပေးပါတယ်
လူငယ်လေးကလဲ အရမ်းဝမ်းသာဂုဏ်ယူနေတာပေါ့...
အဲဒီမှာ သူက သူ့အသိ ကောင်ငယ်လေး တယောက်ဆီကို
ကားသစ်လေး ကြွားဖို့ သွားတော့ ကောင်ငယ်လေးက အိမ်ရှေ့လှေကားထစ်မှာ ထိုင်နေတယ်...
(အဲဒီကောင်လေးက ခြေတဖက်မသန်ဘူး)
သူက ကောင်လေးဆီကို လျှောက်သွားရင်း
"ဟေ့ကောင် ဒါ ငါ့အစ်ကို ငါ့ကို ၀ယ်ပေးတဲ့ကားကွ" လို့ ကြွားပြောလေး ပြောတယ်...
အဲဒီအချိန်မှာ ကောင်လေးရဲ့ မျက်လုံးတွေ အရောင်တလက်လက်တောက်ပလာတာကို
လူငယ်လေးက သတိထားမိတော့
"ဘာလဲကွ မင်းအားကျနေပြီလား
မင်းအစ်ကို ကို မင်းအတွက် ကားဝယ်ပေးဖို့ ပူဆာတော့ မလို့လား" လို့ မေးလိုက်တယ်
ကောင်လေးက ပြန်ဖြေတယ်
"မဟုတ်ဘူးဗျ တနေ့နေ့ကျရင် ကျွန်တော့် ညီလေးကို
ဒီလိုကားမျိုးဝယ်ပေးနိုင်တဲ့ အစ်ကို ဖြစ်ချင်တာ" တဲ့...
မှတ်မှတ်ရရ နောက်ဆုံးစာကြောင်းလေး ဖတ်ပြီးတဲ့အချိန်မှာ
ကိုယ့်ဖြစ်နေတဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ပြီး ရှက်လိုက်တာ...
ဘာဖြစ်လို့များ သူတွေးတဲ့ဘက်က တခါမှ မတွေးကြည့်မိတာပါလိမ့်လို့...
ဒါနဲ့ပဲ အဲဒီအချိန်ကစပြီး အကြီးဆုံး ဖြစ်ရခြင်းကို ကျေနပ်တဲ့သူ
ပေးဆပ်ရခြင်းကို ပျော်မွေ့တတ်လာတဲ့သူ ဖြစ်လာပါတယ်...
ရယူခြင်းကြောင့် ဖြစ်တဲ့ ဂုဏ်ယူစိတ် နဲ့
ပေးဆပ်ခြင်းကြောင့် ဖြစ်တဲ့ ပီတိ ကို ခွဲခြားတတ်လာခဲ့တယ်...
ဆရာဖေမြင့်ရေ...ကျေးဇူးပါ...
Posted by Color Blind at 11:46 AM 0 comments
Labels: စိတ်အစာ
Tuesday, August 21, 2007
ကိုမြင့်မိုးအောင်
ကျောင်းတွေ တက်နေရင်းနဲ့ ကိုယ့်ဘ၀လမ်းကို
ကိုယ်ကိုယ်တိုင် သံသယဖြစ်လာခဲ့တဲ့ အချိန်...
ဘယ်ကိုသွားမှာလဲ ဘာကိုလုပ်ရမှာလဲ
လုပ်ချင်တာကို လုပ်ရမှာလား လုပ်သင့်တာကို လုပ်ရမှာလား ဆိုတဲ့
အတွေးစတွေနဲ့ အကြီးအကျယ် နပန်းလုံးနေခဲ့ရတဲ့အချိန်...
လုပ်ချင်တာကို လုပ်ဖို့ အရည်အချင်း မပြည့်ဘူး
လုပ်သင့်တာကို လုပ်ဖို့ လုံလောက်တဲ့ စိတ်ဓါတ်အင်အားမရှိဘူး ဆိုပြီး
သိမ်ငယ်စိတ်တွေ အားငယ်စိတ်တွေနဲ့ လမ်းပျောက်နေတဲ့အချိန်...
အဲဒီလို အချိန်ကာလတခုမှာ ကိုမြင့်မိုးအောင်ရဲ့ အင်တာဗျူးတခုကို
အမှတ်မထင် ကံကောင်းထောက်မစွာနဲ့ ဖတ်လိုက်ရတယ်...
(မှတ်မိသလို ပြန်ရေးတာပါ)
သူဟာ အရာရာကို ငြီးငွေ့လွယ်သူပါ
မူးယစ်ဆေးဝါးကအစ ကိစ္စတော်တော်များများကို
ငြီးငွေ့တဲ့ ရှုထောင့်ကနေ ကြည့်တတ်ခဲ့ပါတယ်
အခုအချိန်ထိ မငြီးငွေ့နိုင်လောက်အောင်
သူ့ကို ဆွဲဆောင်ထားတဲ့ အရာနှစ်ခုက
ဂီတ နဲ့ ဘာသာတရား ပါ တဲ့...
ဒီဘ၀မှာရော နောင်ဖြစ်လေရာ ဘ၀မှာပါ
ဒီလမ်း ၂ခုကို ရောက်နိုင်သမျှ ဆက်လျှောက်သွားချင်သူပါ တဲ့...
ဒီစကားစုကို ဖတ်ပြီးအကြာကြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်...
ငါဟာ ဘာတွေကို ငြီးငွေ့ခဲ့ပြီလဲ...ဘာတွေက အသစ်ဖြစ်နေဆဲလဲ...
နောက်ဘ၀အထိအောင် ငါလုပ်ချင်နေမယ့် အရာက ဘာလဲ...
အဖြေရချင်တော့လဲ ဦးနှောက်ထဲ မီးသီးလင်းသွားသလို ဖြတ်ကနဲပဲ...
အိပ်မက်တွေကို ဇကာစစ်လိုက်တော့ ကျန်ရစ်တာ ဂီတ...
သူ့ရဲ့ စကားတခွန်းနဲ့ တသက်စာ ခွန်အားတွေ ဘ၀နေနည်းတွေ ရရှိခဲ့တယ်...
ကိုယ်ကိုယ်တိုင် ယုံကြည်ကျေနပ်တဲ့ အဖြေကို ရပြီးတဲ့နောက်
လွတ်လပ်တဲ့စိတ်နဲ့ အသက်ရှင်လို့ ရလာတယ်...
သူဟာ သီချင်းရေးဆရာ တယောက် ဖြစ်ပါတယ်...
ဒါပေမယ့် ကိုယ့်အတွက်တော့ ဆရာတဆူ ကျေးဇူးရှင်တယောက် အနေနဲ့ တည်ရှိပါတယ်...
Posted by Color Blind at 12:31 AM 0 comments
Labels: စိတ်အစာ, ကောက်ကြောင်း
Tuesday, August 14, 2007
ကိုယ့်အလှည့်
ငယ်ငယ်တုန်းက တစုံတယောက် အမှားလုပ်မိရင် ဖြစ်ဖြစ်
တစုံတယောက်ကို အနိုင်ကျင့်မိတဲ့အခါဖြစ်ဖြစ်
အဖေအမြဲပြောတဲ့စကားတခွန်းရှိတယ်...
ကိုယ်နိုင်တယ်ဆိုတိုင်း ဇွတ်မနိုင်နဲ့ ကိုယ်ရှုံးဖို့အလှည့် ချန်ထားဦးနော် တဲ့
တချိန်မှာ ကိုယ်လဲ သူ့လိုမကြုံဘူးလို့ မပြောနိုင်ဘူး
ကိုယ်လဲ သူ့လို မမှားဘူးလို့ မပြောနိုင်ဘူး
လောကဆိုတာ ပုံသေတွက်ထားလို့ ရတဲ့ အရာတခုမဟုတ်ဘူး
ပြန်တွေးမိလေ ပြန်ဆင်ခြင်မိလေ
ဒီအသိကို ရင်ထဲအမြဲစွဲနေအောင်
သတိပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတင်မိတယ်
Posted by Color Blind at 3:20 PM 0 comments
Labels: စိတ်အစာ