Showing posts with label စိတ်သွားရာ. Show all posts
Showing posts with label စိတ်သွားရာ. Show all posts

Sunday, March 2, 2008

မကျက်သေးသော

ရေမြုပ်ဗုံးတလုံးလို
ထိလိုက်တာနဲ့ ပေါက်ကွဲတတ်တာ မဟုတ်ဘူး

ရေသေမှော်လို ပစ်ကျလာသမျှ
ရင်ဘတ်ကြီးနဲ့ မဆန့်ရင်ကာ
ဆွဲယူသိမ်းဆည်းထားမယ့်ကောင်...

စိတ်ဓါတ်ကို စက္ကူစုတ်တစလို
အပိုင်းပိုင်း စုတ်ဖြဲချေမွပြီးတာတောင်
လမ်းမှာတွေ့ရင် ပြုံးပြဖို့
တောင်းဆိုချင်သေးတဲ့ လူတွေကို
ဒဏ်ရာတန်းလန်းနဲ့ ဦးညွတ်လိုက်ပါရဲ့လေ

Read More...

Tuesday, February 19, 2008

လူ့ဘဝ

သစ်ပင်အိုမှာ ဇောက်ထိုးကြီးခိုလို့
မိုးတွေဘာတွေများ မိနေပါဦးမယ်

အလကားသက်သက် ဇက်အညောင်းခံ တက်ခိုနေရတယ်ရယ်လို့
လူ့ဘ၀က ဒီလောက်များ ပျော်စရာ ရှားသလား

ခံယူချက်အမှားတခုအတွက် ခုတော့ တွဲလောင်းကြီးကိုဖြစ်လို့
မင်းမဆင်းလာတတ်တော့ဘူး မဟုတ်လား

အပေါ်ကကြည့်တော့ ငါတို့က သနားစရာ
အော် အောက်မှာ လမ်းလျှောက်နေရတယ်တဲ့
အပေါ်ကိုပြန်ကြည့်တော့ မင်းက သနားစရာ
သူ့ခမျာ တွဲလောင်းဇောက်ထိုးကြီး နေရခက်ပါ့တဲ့

ကဲ...
လူ့ဘ၀...
ကိုယ်စီကိုယ်မျှ နေပျော်အောင် နေနေကြတဲ့နောက်တော့
မှားတာ မှန်တာ မရှိပါဘူး
................................................................
တရားတာ မတရားတာတော့ ရှိတယ်

Read More...

Template Designed by Douglas Bowman - Updated to Beta by: Blogger Team
Modified for 3-Column Layout by Hoctro