မိန်းကလေးရယ်
စက္ကန့်တောင် မလပ်ပါဘူး ကိုယ့်စိတ်ထဲ မင်းပဲ ရှိနေခဲ့တာ ဒါကို မယုံကြည်ပေးနိုင်သေးဘူးလား။ ။
မိန်းကလေးရယ်
အိပ်မက်ထဲတောင် နောက်တယောက် ငါမကြည့်ဘူး။ ။
မိန်းကလေးရယ်
တခါတလေ ဒေါသဆိုတာ ထွက်တိုင်းလဲ မကောင်းဘူး။ ။
မိန်းကလေးရယ်
တချက်လောက်တော့ ပြန်စဉ်းစားကြည့်ပါဦး မင်းစိတ်လိုက်မာန်ပါ လုပ်ရပ်က ကိုယ်တယောက်တည်းကို နာကျင်စေတာ မဟုတ်ဘူး။ ။
မိန်းကလေးရယ်
ဒီတရက်တော့ သက်ပြင်းတွေ ခဏလောက် သိမ်းထားပေးပါဦး။ ။
မိန်းကလေးရယ်
ဒီတရက်ဟာ တစုံတယောက်အတွက် ကြည်နူးမှုတွေ မေတ္တာဓါတ်တွေ ပြည့်လျှံနေတဲ့ နေ့ပါ။ ။
မိန်းကလေးရယ်
မင်းဒီလိုလုပ်နေတာ တစုံတယောက်သိရင် သူ...ရင်ကွဲသွားလိမ့်မယ်။ ။
မိန်းကလေးရယ်
လွန်ခဲ့တဲ့ နှစ်၂၀ကျော်ကျော်က ဒီနေ့ဒီရက်ဒီအချိန်ဟာ တစုံတယောက်အတွက် ဘ၀တသက်စာ တန်ဖိုးအထားဆုံးနေ့ပါ။ ။
မိန်းကလေးရယ်
သူလေ ကိုယ့်အတွက် ရည်စူးပြီး ဘုရားဆွမ်းတော်ကပ်နေလိမ့်မယ်။ ။
မိန်းကလေးရယ်
သူလေ ကိုယ့်အကြောင်းတွေ ပြန်တွေးပြီး ကိုယ့်ကိုလွမ်းနေလိမ့်မယ်။ ။
မိန်းကလေးရယ်
သူလေ ကိုယ့်အင်္ကျီလေးကို တယုတယကိုင်ကြည့်ပြီး ကိုယ့်ရယ်သံတွေကို ကြားယောင်နေလိမ့်မယ်။ ။
မိန်းကလေးရယ်
ဒီတရက်တော့ သူ...ပျော်ပါစေလား။ ။
ဒီတရက်လေးပါပဲ...။ ။
Monday, August 25, 2008
တရက်လေးပါပဲ
Posted by dexertmoon at 9:56 PM 1 Comment
Labels: စိတ်ထွက်ပေါက်
Sunday, June 15, 2008
anyway
စိတ်အစာ အစစ်ပါ။
အသက်ကယ်ဆေးလေး...
People are unreasonable, illogical, and self-centered.
Love them anyway.
If you are kind, people may accuse you of selfish ulterior motives.
Be kind anyway.
If you are successful, you will win some false friends and true enemies.
Succeed anyway.
The good you do today will be forgotten tomorrow.
Be good anyway.
Honesty and frankness will make you vulnerable.
Be honest and frank anyway.
What you spend years building may be destroyed overnight.
Build anyway.
People need help but will attack you if you help them.
Help them anyway.
Give the world the best you have, and
it may never be enough;
Give the world the best you've got ... anyway.
Posted by Name: LN at 7:00 PM 0 comments
Labels: စိတ်အစာ
Tuesday, March 25, 2008
dot
နေ့သစ်တနေ့အတွက် ငါငံ့လင့်
အချိန်တွေကုန်ခဲ့ပေါ့...
အရာရာဟာ အရင်အတိုင်း
မျှော်လင့်မိသူကလဲ အရင်လိုပဲ ရူး
ရူးတော့ ဘာအရေးလဲ
တကယ်တော့ အရေးမလုပ်လောက်တဲ့
အစက်အပျောက်လေးရယ်
လှည့်ကြည့် သက်ပြင်းချ
ကိုယ့်လမ်းကိုယ် ခရီးဆက်နှင်ကြရုံပေါ့
Monday, March 10, 2008
Sunday, March 2, 2008
မကျက်သေးသော
ရေမြုပ်ဗုံးတလုံးလို
ထိလိုက်တာနဲ့ ပေါက်ကွဲတတ်တာ မဟုတ်ဘူး
ရေသေမှော်လို ပစ်ကျလာသမျှ
ရင်ဘတ်ကြီးနဲ့ မဆန့်ရင်ကာ
ဆွဲယူသိမ်းဆည်းထားမယ့်ကောင်...
စိတ်ဓါတ်ကို စက္ကူစုတ်တစလို
အပိုင်းပိုင်း စုတ်ဖြဲချေမွပြီးတာတောင်
လမ်းမှာတွေ့ရင် ပြုံးပြဖို့
တောင်းဆိုချင်သေးတဲ့ လူတွေကို
ဒဏ်ရာတန်းလန်းနဲ့ ဦးညွတ်လိုက်ပါရဲ့လေ
Posted by Color Blind at 4:15 AM 0 comments
Labels: စိတ်သွားရာ
Tuesday, February 19, 2008
လူ့ဘဝ
သစ်ပင်အိုမှာ ဇောက်ထိုးကြီးခိုလို့
မိုးတွေဘာတွေများ မိနေပါဦးမယ်
အလကားသက်သက် ဇက်အညောင်းခံ တက်ခိုနေရတယ်ရယ်လို့
လူ့ဘ၀က ဒီလောက်များ ပျော်စရာ ရှားသလား
ခံယူချက်အမှားတခုအတွက် ခုတော့ တွဲလောင်းကြီးကိုဖြစ်လို့
မင်းမဆင်းလာတတ်တော့ဘူး မဟုတ်လား
အပေါ်ကကြည့်တော့ ငါတို့က သနားစရာ
အော် အောက်မှာ လမ်းလျှောက်နေရတယ်တဲ့
အပေါ်ကိုပြန်ကြည့်တော့ မင်းက သနားစရာ
သူ့ခမျာ တွဲလောင်းဇောက်ထိုးကြီး နေရခက်ပါ့တဲ့
ကဲ...
လူ့ဘ၀...
ကိုယ်စီကိုယ်မျှ နေပျော်အောင် နေနေကြတဲ့နောက်တော့
မှားတာ မှန်တာ မရှိပါဘူး
................................................................
တရားတာ မတရားတာတော့ ရှိတယ်
Posted by Color Blind at 9:40 AM 0 comments
Labels: စိတ်သွားရာ
Wednesday, February 13, 2008
Friday, January 11, 2008
အမေ့မွေးနေ့
အမေ့ရဲ့ မွေးနေ့မှာ
အမေချစ်တဲ့ သားသမီးတွေ
အမေချစ်တဲ့ အမေ့ရဲ့ အမေ...
အမေချစ်တဲ့ အဖေ...
ဘယ်သူမှ မရှိပဲ အထီးကျန်နေရတဲ့ အမေ...
အမေ ကျန်းမာပါစေ
အမေ စိတ်ချမ်းသာပါစေ
အမေ ရောဂါဘယ ကင်းကင်းနဲ့ အသက်ရာကျော်ရှည်ပါစေ
Posted by Color Blind at 9:19 PM 1 Comment
Labels: စိတ်သွားရာ..., စိတ်ဖြေရာ
Monday, January 7, 2008
မိုက်မဲသော
လမ်းပိုလျှောက်ရင် လျှောက်ရပါစေ
နောက်ကျရင်လဲ နောက်ကျပါစေ
အနာဂတ်အတွက်တော့ ဂုဏ်သိက္ခာကို ရောင်းမစားတော့ပါဘူး
Posted by Color Blind at 11:20 AM 0 comments
Labels: ကောက်ကြောင်း
Thursday, January 3, 2008
ညီမျှခြင်း
ကိုယ်မလိုချင်တဲ့အရာကို သူများကိုလဲ မပေးမိအောင် ကြိုးစားပါ
လူဆိုတာ အနည်းဆုံးတော့ ကိုယ်ဘာမလိုချင်ဘူး ဘာမကြိုက်ဘူးလဲ ဆိုတာ သိကြပါတယ်
အလွယ်ဆုံး ပြောရရင် လူတယောက်နဲ့တယောက် ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ
နောက်ကျောကို ဓါးနဲ့ထိုးတာမျိုး...
သစ္စာမဲ့တာမျိုး...
ကိုယ့်ခြေတလှမ်းအတွက် တစုံတခုကို နင်းချေမိတာမျိုး...
ကိုယ့်စိတ်ကျေနပ်မှု အတွက် သူတပါးကို ထိခိုက်နာကျင်စေမိတာမျိုး...
ချိန်းထားပြီး မလာတာမျိုး...
အသေးအဖွဲလေးကနေ အကြီးကြီးအထိ ကိုယ်စိတ်နဲ့မတွေ့တာတွေ
ကိုယ်စိတ်ထိခိုက် ခံစားရတာတွေ အများကြီးရှိမှာပါ...
တခုခု လုပ်တော့မယ် စဉ်းစားတိုင်း
သူ့နေရာမှာ ငါဆိုရင်ရော ဒီလို အလုပ်ခံရတာ ကြိုက်ပါ့မလား ဆိုပြီး
ကိုယ်ချင်းစာတရား အမြဲထားကြမယ်ဆိုရင်...
ကိုယ့်ကို ဒီလိုလုပ်ရင် မကြိုက်ဘူး
ကိုယ်လဲ သူများကို မလုပ်ဘူးဆိုတဲ့ စိတ်မျိုး ထားကြမယ် သုံးသပ်မိကြမယ်ဆိုရင်
ကိုယ်မလိုချင်တဲ့ အရာကို သူများကိုလဲ မပေးမိအောင် ကြိုးစားကြမယ်ဆိုရင်...
Posted by Color Blind at 10:34 AM 0 comments
Labels: စိတ်အစာ