သာမန်အားဖြင့် သုညကနေ စတွက်တတ်ကြတဲ့ လောကနိယာမမှာ
ကိုယ်က အနုတ်အင်္သချေကနေ စတွက်မိတဲ့ အခါ...
ငွေကြေးစည်းစိမ်တွေနောက် တသက်လုံးလိုက်နေတဲ့ အသိုင်းအ၀ိုင်းကြားမှာ
လွတ်လပ်မှု အငွေ့ အသက်ကို နမ်းရှိုက်ချင်တဲ့အခါ...
ပညာတတ်မှ လူ့အောက်မကျဘူးဆိုတဲ့
ခေါင်းထဲရိုက်သွင်းခဲ့တဲ့ အတွေးနဲ့ တဘ၀လုံး အသက်ရှင်လာခဲ့ရချိန်မှာ
ပိုက်ဆံရှိရင် ပညာတတ်တွေကို လက်ညှိးထိုး ခိုင်းစားမယ်ဆိုတဲ့
ခပ်ညံ့ညံ့ သူဋ္ဌေးလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ...
နေ့လားညလားမသိအောင် လင်းထိန်နေတဲ့ နီယွန်လမ်းမကြီးတွေအောက် အသက်မဲ့လမ်းလျှောက်ရင်း
တောင်နံရံတွေကြား နေလုံးကြီး ၀င်သွားတာကို စောင့်ကြည့်ခွင့်ရခဲ့တဲ့ ဘ၀ကို ပြန်တမ်းတမိတဲ့ အခါ...
မွန်းကြပ်လှောင်ပိတ် တိတ်ဆိတ်တဲ့ညဟာ
အတိတ်က ချစ်ခဲ့ စွဲလမ်းခဲ့တဲ့ အေးချမ်းငြိမ်သက် တိတ်ဆိတ်တဲ့ညနဲ့ မတူတော့တာကို သိလိုက်ရတဲ့အခါ...
အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ် ဆိုတဲ့ ရင်ထဲ ပဲ့တင်ထပ်နေတဲ့ စကားလုံးပေါင်းများစွာ
လည်ချောင်းထဲမှာပဲ အတင်းမြိုချ ပျောက်ရှသွားရတဲ့ အခါ...
တန်ဖိုးထားလွန်းလို့ ခေါင်းရင်းမှာကို ထားအိပ်တတ်တဲ့ အရာတစ်ခုကို
အခြားတစ်ယောက်က ခြေသုတ်ဖုံ လုပ်ထားတဲ့အခါ...
အိပ်မက်ထဲ ထည့်မက်ရလောက်အောင် ကိုယ်ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့အရာကို
အခြားတစ်ယောက်က စကားလေးတစ်ခွန်းထဲနဲ့ ဖျက်ဆီးလိုက်တဲ့အခါ...
အခြားတစ်ယောက်အတွက် ခြေထောက်ပေါ် လာစင်တဲ့ ရွှံစက်လေးပါ...
ကိုယ့်အတွက်ကတော့ တောင်ကြီးတစ်တောင်လုံး ပြိုကျသွားတာပါ...
Wednesday, July 11, 2007
ငါ၏ လွဲမှားမှုများ
Posted by Color Blind at 7:10 PM
Labels: စိတ်သွားရာ...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment