ဘာလိုလိုနဲ့ အိမ်နဲ့ အမေနဲ့ ခွဲနေရတာ ၂ နှစ်နားတောင် နီးလာပြီ
၂ နှစ်ဆိုတဲ့အချိန်က နေရာသစ်တခုမှ အသားကျနိုင်ဖို့ မလုံလောက်သေးဘူးလား
ဒီ ၂ နှစ်လုံးတောက်လျှောက် အမေ့ကို ဖုန်းဆက်ဖြစ်တိုင်း
ပြန်ချင်တယ် အမေရယ် လို့ စိတ်ထဲမှာ တတွတ်တွတ် ပြောနေမိတယ်...
ဘာရယ်မှန်းတော့ မသိဘူး...
ခံစားတတ်စ အရွယ်ကတည်းက ညနေ နေ၀င်ချိန်ဆိုရင်
အမျိုးအမည်မသိတဲ့ ခံစားချက်တခု ၀င်ဝင်လာတယ်...
ညနေတိုင်း ညနေတိုင်း အဲဒီခံစားချက်နဲ့ နေ၀င်ချိန်ကို စောင့်ကြည့်ဖြစ်တယ်...
ဒါပေမယ့် နေရာသစ်ကိုလဲ ရောက်ရော ဘာတွေ ဘယ်လို block ဖြစ်သွားတယ်မသိဘူး...
နေ၀င်လို့ ၀င်မှန်းလဲ သတိမထားမိတော့ဘူး...
၂ နှစ်တာကာလလုံးလုံး ကိုယ့်ညနေတွေ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတယ်...
ဒါပေမယ့် ဒီတလအတွင်းမှာ ထူးထူးခြားခြား ညနေအနံ့ကို ပြန်ရတယ်...
နေညိုညိုအချိန်ရဲ့ လေထုကို ပြန်ခံစားမိလာတယ်...
ကိုယ် ဒီနေရာမှာ အသားကျစပြုလာပြီလားလို့ တွေးမိတယ်...
ဒါပေမယ့် သိစိတ်ကတော့ ဟင့်အင်း...အိမ်ပဲ ပြန်ချင်တယ် တဲ့...
ကြည့်ရတာ နေသားမကျချင်တဲ့ သိစိတ်ကို
နေသားကျလာတဲ့ မသိစိတ်က အနိုင်ရလာတဲ့ သဘောများလား...
ဘာပဲဖြစ်ဖြစ် နေ၀င်ချိန်တွေ ပြန်လည်ရောက်ရှိလာတဲ့အတွက်တော့ ကြိုဆိုရမှာပဲပေါ့...
Thursday, July 19, 2007
ညနေ
Posted by Color Blind at 6:15 PM
Labels: စိတ်သွားရာ...
Subscribe to:
Post Comments (Atom)
3 comments:
ဟေ့..ငါတော့ တောင်ကြီးမှာ နေ့တိုင်း နီးပါး နေ၀င်ချိန်တွေ ကြုံဖြစ်တယ် ... နင် မနာလို မဖြစ်နဲ့နော်... :P
နေ၀င်ချိန်ကို မကြုံတာတော့ မဟုတ်ပါဘူး...
ခံစားလို့ မရတာ...
:D
hey
nothing
just to sy i was here
Post a Comment