Saturday, December 29, 2007

ရင်ဆိုင်လိုက်

မလုပ်မဖြစ်တဲ့ ကိစ္စတခုကို မလုပ်ချင်ဘူးဆိုပြီး
သိစိတ်ကရော မသိစိတ်ကရော နောက်ပြန်ဆွဲနေတာမျိုး
ဘယ်သူမဆို ဖြစ်ဖူးကြမယ် ထင်တယ်

အဲလိုအချိန်ဆို အကြောင်းအမျိုးမျိုးပြပြီး အတတ်နိုင်ဆုံး မလုပ်ပဲ နေချင်မိတယ်
ငါလုပ်စရာမလိုပဲ ပြီးသွားခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတတ်တယ်

ဒီအခြေအနေအတွက် နည်းလမ်းကောင်း တခုရှိတယ်။

ကိုယ်မကြိုက်တဲ့ အရာတခု
ကိုယ်မလုပ်ချင်တဲ့ အရာတခုကို အကောင်းဆုံး ရှောင်လွဲတဲ့နည်းကတော့
ရင်ဆိုင်လိုက်ပါ။
ရှောင်ပြေးမနေပဲ ရင်ဆိုင်ကြည့်ပါ။

ကိုယ်မုန်းနေတာ ဒီလောက်လဲ မဆိုးပါလား လို့ မြင်လာကောင်း မြင်လာမယ်...
လုပ်လိုက်တော့လဲ ပြီးသွားတာပဲဟလို့ ကိုယ့်ကိုယ် ကျေနပ်ကောင်း ကျေနပ်မိလိမ့်မယ်...
အနည်းဆုံးတော့ ကိုယ့်စိတ်နဲ့ကိုယ် ရုန်းကန်မနေရတော့ဘူးပေါ့။

ဒီအတွေးတစနဲ့ ၈တန်းတုန်းက သိပ်မုန်းတဲ့ သင်္ချာက
၁၀တန်းမှာ အပိုင်နိုင်ဆုံး ဘာသာရပ်တခု ဖြစ်ခဲ့ပါတယ်။

ကိုယ်မကြိုက်ဆုံး သင်ခန်းစာကကိုယ်အဖြေနိုင်ဆုံး ဖြစ်ခဲ့တယ်။

မနက်အိပ်ယာမထချင်တဲ့သူကနေ အအိပ်အနေနည်းတဲ့သူ ဖြစ်လာခဲ့ဖူးပါတယ်။

3 comments:

Anonymous said...

ဘာပဲဖြစ်ဖြစ် အတွေ့အကြုံအသစ်တစ်ခု တိုးလာမယ်...

ဘာမှ မလုပ်ချင်အောင် ပျင်းပါတယ်ဆိုတဲ့ လူတောင် အလုပ်မရှိရင် မနေတတ်အောင် ဖြစ်လာလိမ့်မယ်..

ကိုယ့်ကို အထိန်းချုပ်နိုင်ဆုံးအရာဟာ ကိုယ့်ရဲ့ စိတ်စွမ်းအင်ပဲ ဆိုတာ သိလာလိမ့်မယ်..

(ငှဲငှဲ.. နည်းနည်းတော့ ဆရာ ၀င်လုပ်လိုက်တယ်) :D

Color Blind said...

ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ အားမွေးနိုင်ပြီဆိုမှတော့ စိတ်စွမ်းအင်လဲ သူ့အလိုလို လေ့ကျင်ပြီးသား ဖြစ်သွားတာပဲ...
မနက်အိပ်ယာထမယ့်အချိန်ကို alarm ပေးထားတဲ့ အချိန်ထက် နေ့တိုင်း ၅မိနစ်ပိုစောတဲ့ အလေ့အကျင့်မျိုး လိုပေါ့...

Anonymous said...

ဟုတ်တယ်နော် အမ
သမီးအကိုဝမ်းကွဲ ပြောဖူးတယ် သူစာမေးပွဲဖြေတုန်းကပေါ့ .. စာတွေ အသေကျက်တယ် … အဲဒါဘာလို့လဲဆိုတော့ သူ စာမလုပ်ချင်လို့ တဲ့ … မလုပ်ချင်တာကို ပစ်ထားရင် ကျမယ်လေ .. ကျရင် မလုပ်ချင်တာကို ထပ်လုပ်နေရဦးမယ် .. တစ်ခါပဲ အပင်ပန်းခံမယ် ဆိုပြီး ကြိုးစားတာ တစ်နှစ်တည်း ထူးထူးချွန်ချွန် အောင်သွားရော …

Template Designed by Douglas Bowman - Updated to Beta by: Blogger Team
Modified for 3-Column Layout by Hoctro