တနေ့ကပဲ ဖတ်လိုက်ရတယ်
လူဆိုတာ ရွေးချယ်ခွင့်ရှိနေလို့သာ ရွေးချယ်နေကြတယ်...
ရွေးချယ်စရာ မရှိရင် ရှိတဲ့ တခုထဲကိုသာ မရရအောင် ယူကြမှာပဲ တဲ့...
ဘတ်စ်ကားစီးတာပဲ ကြည့်...
ကားပေါ်ရောက်လို့ ထိုင်စရာ မရှိရင် အေးဆေးပဲ...အဆင်ပြေမယ့်နေရာ ရပ်နေလိုက်ရုံပဲ...
ထိုင်စရာ တခုံထဲ ရှိရင်လဲ အဲဒီတခုံဆီ တည့်တည့်သွားလိုက်ရင် ခေါင်းရှုပ်စရာမလိုတော့ဘူး...
ထိုင်ခုံအများကြီးရှိရင်သာ ဒုက္ခရောက်ရော...
ဟဲ့...ငါရွေးတဲ့နေရာက နေပူမှာလား...မိုးရွာရင် ပြတင်းပေါက်ရော ပိတ်လို့ရပါ့မလား...
အကြာကြီးစီးရမှာဆိုတော့ ကိုယ်ဝန်သည်တွေ ဘုန်းဘုန်းတွေ သီလရှင်တွေ လာလို့ မဖယ်ပေးလဲ မကောင်း
ဖယ်ပေးရင်လဲ တောက်လျှောက်ကြီးရပ်ရမှာ
တယောက်တည်းခုံရရင် ကောင်းမယ်...ဘေးမှာ လာထိုင်မယ့် သူရှိရင် ရှုပ်နေမှာ...
မှာ...မှာ...မှာ တွေနဲ့ အနည်းနဲ့အများတော့ ပြာယာခတ်ခဲ့ကြဖူးမယ် ထင်တယ်...
ကိုယ့်ကိုယ်ပြန်ဆင်ခြင်မိတော့လဲ
အလိုလေး...ရွေးချယ်နေခဲ့တာ ၂၇နှစ်တောင် ကြာလာပြီကိုး...
ဖြစ်ချင်တာတွေက စာတမျက်နှာ မကဘူး...
ဖြစ်လာတာကတော့ စာတကြောင်းတောင် မပီနိုင်သေးဘူး...
ဖြစ်ချင်တာတွေထဲက သိပ်မဖြစ်ချင်လောက်ပါဘူးဆိုတာလေးတွေကို ဘောပင်နဲ့ ခြစ်ကြည့်လိုက်တော့
ကျန်နေသေးတယ် တော်တော်ကျန်နေသေးတယ်...
သူငယ်ချင်းတို့ရော ကိုယ်သွားနေတဲ့လမ်းကို ဘယ်လိုရွေးချယ်ခဲ့ကြလဲ...ဘယ်လို ရွေးချယ်နေကြလဲ။...။
Tuesday, December 11, 2007
ရွေးချယ်ခွင့်
Posted by color blind at 1:14 PM
Labels: စိတ်သွားရာ...
Subscribe to:
Post Comments (Atom)
2 comments:
ဟုတ်ပါ့.. ဟုတ်ပါ့..
ဖတ်ပြီး တွေးပြီ ကြောက်လာတယ်
ရွေးစရာများပြီး ဘာမှ မရလိုက်မှာကို :D
Post a Comment