Thursday, December 20, 2007

တယောက်ထဲလား...မဟုတ်သေးဘူး

သင်းကွဲငှက် တကောင်များလား
မဟုတ်သေးဘူး...

တယောက်ထဲ လှမ်းထွက်ခဲ့တဲ့ ခရီးတဲ့လား
မဟုတ်သေးဘူး...

ကယ်သူမဲ့ ပင်လယ်မှာ ဆယ်သူမဲ့နေပြီလား
မဟုတ်သေးဘူး...
ဒါလဲ မဟုတ်သေးဘူး...
ဒီလောက်တော့ အထီးကျန်ဆန်သူ မဟုတ်သေးဘူး။

ဒါဆို...

အတောင်ညောင်းလို့မှ နားခိုရာရော ရှိရဲ့လား
မဟုတ်သေးဘူး...

သကာလိုချိုတဲ့စကားလုံးတွေရဲ့ အတွင်းပိုင်းက ပုပ်အဲ့အဲ့ အနံ့အသက်တွေ လွင့်ပျောက်သွားပြီလား
မဟုတ်သေးဘူး...

ကြမ်းတဲ့လမ်းမှာ အပြုံးနဲ့ကြိုလှမ်းသူရော တွေ့ပြီလား
မဟုတ်သေးဘူး...
ဒါလဲ မဟုတ်သေးဘူး...
ဒီလောက်လဲ ကံကောင်းတဲ့လူ မဟုတ်သေးဘူး။

လမ်းတ၀က်မှာ နှုတ်ဆက်လှည့်ထွက်သူရယ်
ဥပက္ခာပြု လျစ်လျူရှုသူရယ်
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
ငါကတော့ ဆက်လျှောက်ရဦးမယ်...
ငါ့ကိုသယ်တဲ့ သင်္ဘောမမှောက်ခင် အထိပေါ့။...။

2 comments:

lwansay said...

ကျနောအထင် bro က ဂျာရတ်ထင်တယ်
ကဗျာတွေ အရေးကောင်းသလို ဘောလုံးကန်လည်း
ကောင်းတယ်လို့ကြားတယ်ဗျ... ခေါင်းစဉ်ကို
လည်း ကြိုက်တယ် bro ရာ...

color blind said...

မှားပြီ...
အဲဒီ ဂျရတ်မဟုတ်ဘူး...
gr8

Template Designed by Douglas Bowman - Updated to Beta by: Blogger Team
Modified for 3-Column Layout by Hoctro